ကျောင်းသား၊ ကျောင်းသူများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးဟောပြော၍ နံရံကပ်စာစောင်များပြသ

နမ့်စန်() စက်တင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလတ်စတစ် အန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်အန္တရာယ်၊ ပလတ်စတစ် ဆိုးကျိုးနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်စုလှိုင်ဝင်းနှင့် ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျာင်းသူများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်များအခမဲ့ ငှားရမ်းပေးခဲ့ပြီးစာဖတ်ဝိုင်း ဆောင်ရွက်ပေးကာ ပလတ်စတစ်အန္တရာယ်နှင့် အခြားအသိပညာပေး နံရံကပ် စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)