ကလေး စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ ဖွင့်လှစ်ထားရှိမှု အခြေနေများကို တာဝန်ရှိသူများမှ ယမန်နေ့ နံနက်ပိုင်းက Ararat နှင့် Moe ဟိုတယ်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟိုတယ်များကို စစ်ဆေးရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက် ထားရှိမှု၊ အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများထားရှိမှု၊ တည်းခိုသော ဧည့်သည်များအတွက် ဝန်ဆောင် ပေးနေမှုအခြေအနေများ၊ မြေအသုံးချမှုနှင့် သက်ဆိုင်ရာအထောက်အထားများ၊ မီးစက်များမှ ဆူညံသံနှင့် မီးခိုးငွေ့များ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို စစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဦးစီးဌာနနှင့် မိတ်ဖက်ဌာနများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ကလေးမြို့၌ တည်းခိုကြသော ဧည့်သည်များအတွက် ဟိုတယ် ၁၂ ခု၊ တည်းခို ခန်း ၉ ခုရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)