သတင်းများ

မိုင်းယောင်းမြို့နယ်၌ စားအုန်းဆီများ သာမန်ဈေးနှုန်းထက် တိုးမြှင့်ရောင်းချမှု ရှိ၊ မရှိ စစ်ဆေး
Sep 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များတွင် စားအုန်းဆီဈေးနှုန်းများ သာမန်ဈေးနှုန်းထက်တိုးမြှင့်၍ ရောင်းချမှု ရှိ/မရှိ၊ တပ်မတော်မှထုတ်လုပ်သည့် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများဆိုင်တွင် လက်ခံရောင်းချနေမှု ရှိ/မရှိ ကို တာဝန်ရှိသူများက ယမန်နေ့တွင် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 06,2023
‌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ‌သာယာဝတီမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဧကဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ) မှ ဦးဆောင်၍ အထက(ခွဲ) လိပ်အင်းစကျောင်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူကုန်ကူးမှု တာဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
မိုင်းယန်းမြို့၌ ရောင်းချရန်ကန့်ကွက်သည့်် ထုတ်ကုန်ပစ္စည်းများရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မြို့ယန်းမြို့နယ်တွင် ရောင်းချရန်ကန့်ကွက်သည့် ထုတ်ကုန်ပစ္စည်းများရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက   မြို့မဈေးအတွင်း ဈေးဆိုင်များ၊ ကုန်စုံဆိုင်များသို့ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
ကာလိမြို့၌ နိုင်ငံတကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Sep 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ နိုင်ငံ့တကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က အခြေခံပညာအလယ်တန်း(ခွဲ) လွိုင်ဖာကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ရန်ပုံငွေများ ပေးအပ်
Sep 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရင်းနှီးမြှုတ်နှံမှုအစီအစဉ်အရ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါရုံးရှိ အစည်းအဝေး ခန်းမတွင်ပြုလုပ်ခဲ့သည်။
သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 06,2023
သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ​နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့ အ.ထ.က (ခွဲ) ကျွန်းရွာ၌ လူငယ်စကားဝိုင်း ကျင်းပ
Sep 06,2023
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျိုက်မရောမြို့ ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ပုသိမ်မြို့တွင် (Standard Operating Procedure SOP) ရေးဆွဲရေး တိုင်းအဆင့် လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကျင်းပ
Sep 06,2023
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure SOP) ရေးဆွဲရေး တိုင်းအဆင့်လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကို ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။