လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲပြုလုပ်

ကော့သောင်း စက်တင်ဘာ ၆

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲကို ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွှေဟင်္သာရပ်ကွက်၊ အ.လ.က(၃)ကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေဇင်ဦးက လူသားအချင်းချင်း ရောင်းကုန်အဖြစ်ပြုမူကာ လူမှောင်ခို၊ လူကုန်ကူးသည့်ပြဿနာသည် ယနေ့ကမ္ဘာနှင့်အဝန်းကြီးမားသည့် ပြဿနာတစ်ရပ်အဖြစ် နိုင်ငံတိုင်းတွင် ရင်ဆိုင်ကြုံတွေ့နေကြရသဖြင့် မျိုးဆက်သစ်လူငယ်လူရွယ်များ ကျောင်းသား၊ကျောင်းသူက လေးငယ်များ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုဖြစ်စဉ်များ အကြောင်းသိရှိ‌စေရန်၊ နယ်စပ်ဒေသဖြစ်၍ လူကုန်ကူးသူများအန္တရာယ်မှ ကင်းဝေးနိုင်ရေး ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများကို ကျောင်းသား၊ကျောင်းသူများအား အသိပညာပေးဟောပြောပြီး လူမှောင်ခိုနှင့်လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ လူငယ်များ‌ရှောင်ရှားရမည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပညာပေးအကြောင်းအရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သတိပြုလိုက်နာရမည့် ပလပ်စတစ်ဆိုးကျိုးအန္တရာယ်များအ‌ကြောင်း ဗဟုသုတဖြစ်ဖွယ်နံရံကပ်စာ‌စောင်၊ ဓာတ်ပုံများကိုခင်းကျင်းပြသရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့် ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)