သတင်းများ

ကွန်ဟိန်းမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်
Sep 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် မြို့မဈေးအတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန် ဆိုင်တန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ယနေ့နံနက် ၈ နာရီခန့်က တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်
Sep 06,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာ ၆ ရက် ၊ ယနေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
ပင်လောင်းမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေဩဇာနှင့် ယူရီးယားဓာတ်မြေဩဇာ ရောနှောကြဲပက်ခြင်း ကွင်းသရုပ်ပြ ဆောင်ရွက်
Sep 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ ဆည်ခေါင်းကျေးရွာ တောင်သူ ဦးမွှေး၏ စံပြစိုက်ကွက်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောနှောကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းကြီး (၅) ကြောင်း ကွင်းဆင်းတွေ့ဆုံပွဲကျင်းပ
Sep 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် သစ်စိမ်းမြေဩဇာ မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်ရန် မြေပြင်ခြင်းနှင့် မျိုးစေ့ကြဲပက်
Sep 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ခင်းဆောင်ရွက်ရန် မြေပြင်းခြင်းနှင့်မျိုးစေ့ ကြဲပက်ခြင်းကို မိုက်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာ၊‌ ‌‌ တောင်သူ ဦးစိုင်းယုန်၏ ယာမြေနေရာ၌ ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းနှင့် ပရဟိတ‌ဂေဟာများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးငွေ ပေးအပ်
Sep 06,2023
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု တည်ထောင်ခွင့်ပြုမိန့်ရရှိခဲ့‌သည့် ကျောက်မဲခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း ၂၉ ကျောင်းနှင့် ပရဟိတ‌‌ဂေဟာ ၂ ခုအတွက် ထောက်ပံကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ကျောက်မဲခရိုင် လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
မြို့သစ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့်အိမ်ခြေ(၂)လုံးအတွက် ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်                   
Sep 06,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ထောက်ရှာတန်းကျေးရွာအုပ်စု၊ အင်တော(မ)ကျေးရွာတွင်  စက်တင်ဘာ ၁ရက် မွန်းလွဲ  (၃)နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစီးနှင့်မျောပါပြီး  ပြိုကျပျက်စီးခဲ့သည့်အိမ်ခြေ (၂)လုံးအတွက်  ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မန်ကန်မြို့နယ်တွင် ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း
Sep 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်၌ ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။