သတင်းများ

ကျိုက်ထိုမြို့ ကျိုက်ပိ(၁)အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး
Sep 06,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ကျိုက်ပိကျေးရွာရှိ ကျိုက်ပိ(၁)အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
သဲကုန်းမြို့နယ်အတွင်းရှိ ဈေးများ၌စားအုန်းဆီများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Sep 06,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိဈေးများ၌ စားအုန်းဆီများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိဈေးများတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်း အရောင်းဆိုင်များ အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ  အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် အသိ၊ သတိရှိစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များ၊ ပါးစပ်နှင့် နှာခေါင်းစည်း များအခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က မိုင်းရယ်မြို့ မြို့မဈေးကြီးတွင် ပြုလုပ်သည်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ၌ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းတွင် ကျင်းပပြုလုပ်သည်။
မိုင်းယောင်းမြို့နယ်၌ စားအုန်းဆီများ သာမန်ဈေးနှုန်းထက် တိုးမြှင့်ရောင်းချမှု ရှိ၊ မရှိ စစ်ဆေး
Sep 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များတွင် စားအုန်းဆီဈေးနှုန်းများ သာမန်ဈေးနှုန်းထက်တိုးမြှင့်၍ ရောင်းချမှု ရှိ/မရှိ၊ တပ်မတော်မှထုတ်လုပ်သည့် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများဆိုင်တွင် လက်ခံရောင်းချနေမှု ရှိ/မရှိ ကို တာဝန်ရှိသူများက ယမန်နေ့တွင် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 06,2023
‌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ‌သာယာဝတီမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဧကဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ) မှ ဦးဆောင်၍ အထက(ခွဲ) လိပ်အင်းစကျောင်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူကုန်ကူးမှု တာဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
မိုင်းယန်းမြို့၌ ရောင်းချရန်ကန့်ကွက်သည့်် ထုတ်ကုန်ပစ္စည်းများရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မြို့ယန်းမြို့နယ်တွင် ရောင်းချရန်ကန့်ကွက်သည့် ထုတ်ကုန်ပစ္စည်းများရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက   မြို့မဈေးအတွင်း ဈေးဆိုင်များ၊ ကုန်စုံဆိုင်များသို့ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
ကာလိမြို့၌ နိုင်ငံတကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Sep 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ နိုင်ငံ့တကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က အခြေခံပညာအလယ်တန်း(ခွဲ) လွိုင်ဖာကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။