သာပေါင်း စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ ဆီဆုံကျေးရွာ အုပ်စု တွင် ငါးမွေးမြူရေးကန်လုပ်ငန်းချေးငွေရယူ ဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့ ညနေ ၃ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁)ဘီလီယံဖြင့် ငါးမွေးမြူရေးကန်လုပ်ငန်း ရယူဆောင်ရွက်လျက်ရှိသော ဆီဆုံကျေးရွာအုပ်စု၊ဆီဆုံကျေးရွာ၊ဦးကြာစိနှင့်(၃)ဦးတို့ ငါးမွေးမြူ ရေးကန်လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းတိုးတက်မှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေး မှာကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်