မိုင်းငေါ့ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.မ.ကကျောင်း (တာလုံ)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မိုက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူများ စိတ်ရွှင်လန်းအပန်းဖြေနိုင်စေရန်အတွက် စာရေးဆရာ ကိုလင်း ရေးသားထားသော “မိတ်ဆွေစကားနားမထောင်မိ၍ ဒုက္ခရောက်မိသူ” ရုပ်ပြပုံပြင်စာအုပ်ဖြစ် ကျောင်းသား၊ ကျောင်းသူလေးများအား ပုံပြောပြခြင်း အစီအစဉ်ကိုလည်း ဆောင်ရွက်ပေးခဲ့ပြီး အသိပညာဗဟုသုတများ ရရှိစေရန် Mobile စာအုပ်ငှားရမ်းပေးချင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)