ဘုတ်ပြင်း စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အ.ထ.က ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းတွင်းပြိုင်ပွဲ၌ စာစီစာကုံးပြိုင်ပွဲတွင် နိုင်ငံတကာစာတတ်မြောက်ရေး လူသားအားလုံးကြိုးပမ်းပေး ခေါင်းစဉ်ဖြင့် အထက်တန်း(၁၃)ဦး၊ အလယ်တန်း(၁၀)ဦး၊ ပန်းချီပြိုင်ပွဲတွင် တိုးတက်မြင့်မားသောပညာခေတ်ဆီသို့ ခေါင်းစဉ်ဖြင့် အထက်တန်း (၁၆)ဦး၊ အလယ်တန်း(၄၅)ဦး၊ မူလတန်း(၂၁)ဦး၊ ကဗျာပြိုင်ပွဲတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ တို့များအားလုံးစာသင်စို့ ခေါင်းစဉ်ဖြင့် အထက်တန်း(၁၅)ဦး၊ အလယ်တန်း(၁၄)ဦး၊ ပိုစတာပြိုင်ပွဲတွင် တိုးတက်မြင့်မားသောပညာခေတ်ဆီသို့ ခေါင်းစဉ်ဖြင့် အထက်တန်း(၆)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၁၄၀)ဦး ဖြေဆိုယှဉ်ပြိုင်ကြကြောင်း သိရသည်။
ပြိုင်ပွဲသီးသီးတွင် ဆုရရှိသည့်ကျောင်းသား/ကျောင်းသူများကို ကျောင်းအစီအစဉ်ဖြင့် ဆုများပေးအပ်ချီးမြှင့်သွားမှာဖြစ်ပြီး မြို့နယ်အဆင့်ပြိုင်ပွဲသို့ ဆက်လက်ပေးပို့ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အ.ထ.က ကျောင်းအုပ်ဆရာမကြီးထံမှ သိရှိရသည်။
ဘုတ်ပြင်း(ပြန်/ဆက်)