မိုးနဲ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ခင်းဆောင်ရွက်ရန် မြေပြင်းခြင်းနှင့်မျိုးစေ့ ကြဲပက်ခြင်းကို မိုက်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာ၊ တောင်သူ ဦးစိုင်းယုန်၏ ယာမြေနေရာ၌ ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦး နှင့်ဝန်ထမ်းများက ဒေသခံ တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာမျိုးစေ့များ ကြဲပက်ခဲ့ကြပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပင်ကို မျိုးစေ့ရရှိရန်အတွက် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ မြေဆီလွှာအတွင်း အာဟာရဓာတ်ဖွံ့ဖြိုး ထက်သန်စေရန်၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ရန်၊ မြေတွင်းအစိုဓာတ်ကို ထိန်းသိမ်းထားရန် စသည့် ရည်ရွယ်ချက်များနှင့် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)