မြို့သစ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့်အိမ်ခြေ(၂)လုံးအတွက် ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်                   

              မြို့သစ် စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ထောက်ရှာတန်းကျေးရွာအုပ်စု၊ အင်တော(မ)ကျေးရွာတွင်  စက်တင်ဘာ ၁ရက် မွန်းလွဲ  (၃)နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစီးနှင့်မျောပါပြီး  ပြိုကျပျက်စီးခဲ့သည့်အိမ်ခြေ (၂)လုံးအတွက်  ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၉)ဦးတို့အတွက်  အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)၊ ဆန်ရိက္ခာဖိုး  (၁၈၉၀၀/-)၊ စုစုပေါင်း (၂၁၈၉၀၀/-)နှင့် အိမ်ထောင်စု(၂)စုအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)စုံ၊  စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းတန်ဖိုး (၉၂၀၇၂/-)ကျပ်အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းသာနှင့်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နုနုထွေးတို့က အိမ်ထောင်စုဝင်များ၏လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)