ပြည်ပဈေးကွက်အထိ ထိုးဖောက်ရန် လုပ်ဆောင်လျက်ရှိနေသည့် GW NINE FIVE (SSC CRAB) ကဏန်းပျော့ မွေးမြူခြင်းလုပ်ငန်း
Sep 07,2023
ရှေ့လုပ်ငန်းစဥ်(၅)ရပ်အား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်
နိုင်ငံတော်အစိုးရအနေဖြင့် ယခုအချိန်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး ရှေ့လုပ်ငန်းစဥ်(၅)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနိုင်ငံဖြစ်ခြင်း၊ အင်းအိုင်၊ မြစ်ချောင်းများပေါများကာ မွေးမြူရေးလုပ်ငန်းများ ထွန်းကားခြင်းတို့ကြောင့် ရှေ့လုပ်ငန်းစဥ်(၅)ရပ်တွင် အချက်တစ်ချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးကြိုးပမ်းဆောင်ရွက်သွားရန် ဟူသည့် လုပ်ငန်းစဥ်အား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။