သတင်းများ

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား ထုတ်ကုန်ပစ္စည်းများပြပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
Sep 07,2023
ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား ထုတ်ကုန်ပစ္စည်းများပြပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ ကယားပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
သာပေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက်ထုတ်ချေးပေး လျက်ရှိသည်။
ကလိန်အောင်မြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းသတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲဆောင်ရွက်
Sep 07,2023
ကျန်းမာပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက်အနာဂတ်အတွက်ဟူသော ဆောက်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ‌ပူပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကျောင်းသား၊ ကျောင်းသူများအား၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာ ရေး သီတင်းသတ္တပတ်လှုပ်ရှားမှု အသိပညာ ပေးဟောပြောပွဲ ဆောင်ရွက်ကြကြောင်း သိရသည်။
တနင်္သာရီမြို့နယ် Community Centre တွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်
Sep 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ရုပ်/သံသတင်းများကို မိုဘိုင်းဖုန်းဖြင့် စနစ်တကျ တည်းဖြတ်ပေးပို့တတ်စေရန် ရည်ရွယ်၍ Kine Master APP အသုံးပြုနည်းသင်တန်းကို စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း လက်တွေ့ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
ရွှေဘိုတက္ကသိုလ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်လှုပ်ရှားမှုပွဲများ တတိယ‌နေ့ ဆက်လက်ကျင်းပ
Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) အဖြစ် သတ်မှတ်၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လှုပ်ရှားမှု များကို စက်တင်ဘာ ၄ ရက်နေ့မှ စတင်ပြီး ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘွဲ့နှင်းသဘင်ခန်းမ​ဝန်း အတွင်းတွင် ဘာသာရပ် အလိုက် ထုတ်ဆီးတိုးပြိုင်ပွဲများနှင့် မွန်းလွဲပိုင်းတွင် ဥာဏ်စမ်းပ​ဟေဠိ ပြိုင်ပွဲကို ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဆဒုံးဒေသထွက် ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Sep 07,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ရှိ ဒေသခံပြည်သူများမှာ စားဝတ်‌နေရေးအတွက် လယ်၊ ယာ လုပ်ငန်းအား အဓိကလုပ်ကိုင်ကြရာ ဒေသခံများအနေဖြင့် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုအခါ ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
ချီဖွေမြို့နယ်တွင် သက်တမ်းလွန်စားသောက်ကုန်များနှင့် ဓာတုဆေးဝါး၊ ဆိုးဆေးများပါဝင်သည့် စားသောက်ကုန်များ ရောင်းချမှု မရှိရေး ကွင်းဆင်းစစ်ဆေး
Sep 07,2023
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များတွင် သက်တမ်းလွန် စားသောက်ကုန် များနှင့် ဓာတုဆေးဝါး၊ ဆိုးဆေးများ ပါဝင်သည့် စားသောက်ကုန်များ ရောင်းချမှုမရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
ကျောက်ဖြူမြို့တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကျင်းပ
Sep 07,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။