ကျောက်မဲခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းနှင့် ပရဟိတ‌ဂေဟာများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးငွေ ပေးအပ်

ကျောက်မဲ စက်တင်ဘာ ၆

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု တည်ထောင်ခွင့်ပြုမိန့်ရရှိခဲ့‌သည့် ကျောက်မဲခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း ၂၉ ကျောင်းနှင့် ပရဟိတ‌‌ဂေဟာ ၂ ခုအတွက် ထောက်ပံကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ကျောက်မဲခရိုင် လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူး ဒေါ်ရီရီစန်းက အဖွင်အမှာစကား ပြောကြားခြင်း၊ ကိုယ်အားကိုယ်ကိုးမူကြိုကျောင်း (၂၉)ကျောင်းတို့၏ သတ်မှတ်ကျောင်းဖွင့်ကာလအလိုက် တာဝန်ခံဆရာ/ဆရာမများ၊ စာသင်ဆရာ/ဆရာမများတို့အတွက် ထောက်ပံ့ကြေးနှင့် သင်ထောက်ကူကြေးများ၊ ပရဟိတဂေဟာ ၂ခုအတွက် စုစုပေါင်း ငွေကျပ် ၄၁၇၁၈၀၀၀/- ကို သက်ဆိုင်ရာတာဝန်ရှိသူများသို့ ထောက်ပံ့ပေးအပ်ခြင်း  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)