ကွန်ဟိန်း စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် မြို့မဈေးအတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန် ဆိုင်တန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ယနေ့နံနက် ၈ နာရီခန့်က တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဇော်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်သက်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှူး ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက မြို့မဈေးအတွင်းရှိ ဆန်၊ ဆီ၊ ဆားနှင့် အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များ သားငါးဆိုင်များသို့ သွားရောက်၍ ဈေးနှုန်းတည်ငြိမ်မှုရှိရေးနှင့် ဈေးနှုန်းမြင့်တင်ရောင်းချမှုများ မပြုလုပ်ရေး၊ အသားများရောင်းချရာတွင် သန့်ရှင်းလတ်ဆတ်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)