သတင်းများ

မိုးနဲမြို့  အလက(၁) ကျောင်း၌ ပောာပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Sep 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  အသိပညာ‌ပေး ဟောပြောပွဲနှင့်နံရံကပ်စာ‌ စောင်ပြပွဲကို အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ စက်တင်ဘာ  ၁၆ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
 ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Sep 18,2023
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Sep 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား(အလွတ်တန်း)  ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာ ၁၆ရက်နေ့ ညနေ ၃ နာရီ အချိန်က ပေါ့မိုင်းရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်းနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရေဦးတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကဗျာ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Sep 18,2023
၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ရာ  အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျာင်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
စမ်းချောင်းမြို့နယ်၌ ​ကျောင်းကြက်​ခြေနီနှင့် ​ရှေးဦးပြုစုခြင်းအကြောင်း သိ​ကောင်းစရာ​ ဟောပြောပွဲကျင်းပ
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ စီမံချက်ဖြင့် ကျောင်းကြက်ခြေနီနှင့် ရှေ့ဦးပြုစုခြင်းအကြောင်း သိကောင်းစရာ ဟောပြောပွဲကို စက်တင်ဘာ ၁၆ နံနက်(၁ဝ)နာရီအချိန်က စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်း၊ ကံ့ကော်ခန်းမ၌ ကျင်းပခဲ့သည်။
ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့မှ (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Sep 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့အတွင်းရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည်  ၁၃ရက် နေ့နံနက်ပိုင်းမှ စတင်ကာ ရွှေဘိုမြို့တော်ခန်းမ၌ အခြေပြု၍ မြို့​ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာ​တော်များနှင့် ဒေသခံပြည်သူအား​ ကုသ​ဆောင်ရွက်​ပေးလျက်ရှိရာ ယမန်​နေ့က လူနာ (၆၉၂) ဦးကို ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။
ခိုလမ်မြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက်သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် ခိုလမ်တပ်နယ်မှ ယမန်နေ့နံနက်(၆:၃၀)နာရီအချိန်က မြို့မစျေးအရှေ့တွင် ရောင်းချပေးခဲ့သည်။
မြန်အောင်မြို့နယ်တွင် ကုန်မျိုးစုံဆိုင်များ၌ စားသောက်ကုန်များကို ကန့်သတ်ခွဲခြား၍ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို နေခြည်စျေး၊ ကုန်မျိုးစုံဆိုင်များ၊ စတိုးဆိုင်နှင့် Mobile Phone အရောင်းဆိုင်များ၌ တပ်မတော်ထုတ် စားသောက်ကုန်များကို ကုန်အမှတ်တံဆိပ် ခွဲခြား၍ရောင်းခြင်း ရှိ/မရှိစစ်ဆေးခြင်းကို စက်တင်ဘာလ (၁၆)ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။