သတင်းများ

ဖြူးမြို့နယ်၊ မင်းလမ်းကုလားကျေးရွာ၌ (VDP)ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Sep 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်သေကျေးရွာအုပ်စု၊ မင်းလမ်းကုလားကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျောက်ရောမြေလမ်းခင်းခြင်းနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ(VDP)စီမံကိန်းရန်ပုံငွေရရှိသည့် မင်းလမ်းကုလားကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် လမ်းအရှည်(၄၂၂၅)ပေ၊ အကျယ်(၁၂)ပေ၊ (၆)လက္မထုရှိ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စနစ်ဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။
ကွန်ဟိန်းမြို့ Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက် ရေးအသိပညာ ပေးဟောပြောပွဲဆောင်ရွက်
Sep 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့ Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲအား ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်ခန့်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မအီမြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကျားကွက်ကစားခြင်းပြိုင်ပွဲများ ပြုလုပ်
Sep 17,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးများအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပျော်ရွှင်စွာဂိမ်းကစားခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မူလတန်းအရွယ်ကလေးများ ကျားကွက်ကစားခြင်းပြိုင်ပွဲကို ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Sep 17,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲကျင်းပ
Sep 17,2023
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အဆိုပါကျောင်းခန်းမဆောင်တွင် ကျင်းပသည်။
အိမ်မဲမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်းကို အ.ထ.က (၂)ကျောင်းတွင် ကျင်းပ
Sep 17,2023
လူငယ်များဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်ပြီး အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့မှပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို အ.ထ.က(၂)ပညာ့ဗိမာန်ခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီတွင် ကျင်းပသည်။
စဉ့်ကူးမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Sep 17,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community    Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
သာယာဝတီမြို့၌ “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း‌ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကျင်းပ
Sep 17,2023
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ(၁၆)ရက်နေ့တွင်ကျရောက်ခဲ့သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။