သတင်းများ

ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့် ခရိုင်(၈)ခရိုင်မှ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။
ဝေါမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေး
Sep 18,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီးအသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဝေါ)၌ ထိုးနှံပေးကြောင်းသိရသည်။
လားရှိုးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 18,2023
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၆ ရက်နေ့နံနက် ၉ နာရီအချိန်က လားရှိုးမြို့ ၊အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း​၊ အ.ထ.က(ငွေဆောင်)၌ လူငယ်စကားဝိုင်း ကျင်းပ
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအား စက်တင်ဘာ ၁၆ ရက်နေ့နံနက် (၉း၀၀)နာရီက ခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ငွေဆောင်)၊ မြသီတာဆောင်ခန်းမ၌ ကျင်းပခဲ့ပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသား/သူ (၁၇၅) ဦး တက်ရောက်ခဲ့သည်။
ငပုတောမြို့၌ (၂၄)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပ
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ (၂၄)ကြိမ်​မြောက်  တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၆)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်သည်။
နမ့်စန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်
Sep 18,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်စန်ခရိုင် ရဲတပ်ဖွဲ့က ဦးစီး၍ သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်စီဂျင်စက်ရုံအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အသုံးချနက္ခတ္တဗေဒ (ဗေဒင်) ပညာ အခမဲ့မွမ်းမံသင်တန်းအမှတ်စဉ် (၁၂) ဆင်းပွဲကျင်းပ
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းက အသုံးချနက္ခတ္တဗေဒ (ဗေဒင်) ပညာ အခမဲ့မွမ်းမံသင်တန်း အမှတ်စဉ် (၁၂) ဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၁၆ ရက်နေ့က တောကျောင်းကျေးရွာ အ.ထ.က ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။