သတင်းများ

စစ်တွေမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းနေ့(World Ozone Day)အထိမ်းအမှတ် အခမ်းအနားကျင်းပ
Sep 17,2023
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းနေ့(World Ozone Day)အထိမ်းအမှတ်အခမ်းအနားကို  စစ်‌တွေမြို့ လောကာနန္ဒာစေတီ‌ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်‌တော်၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရပ်စောက်၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Sep 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကင်းဝေးစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလောခရိုင်ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း
Sep 17,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလောခရိုင်ရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ ယမန်နေ့နံနက် (၉) နာရီက ကလောမြို့ပြည်သူ့ဆေးရုံ၌ စုပေါင်း၍ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းကျင်းပ
Sep 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာရေးဆရာပိုင်ဇင်ဇော်(သတ္တု)ရေးသားသည့်  “နှလုံးသားနုနုဖြင့်ထုဆစ်လေသောအရာနှင့်စစ်အချစ်ဝတ္ထုတိုများစုစည်းမှု” စာအုပ်အား စာရေးသူနှင့်အတူ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ/ဆရာမများ ပျဉ်းမနားမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော်မြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ
Sep 17,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီကလည်းကောင်း ကဗျာပြိုင်ပွဲကို မွန်းလွဲ(၁)နာရီကလည်းကောင်း  ကျင်းပခဲ့ကြောင်း သိရသည်။
သံတွဲမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Sep 17,2023
သံတွဲခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်သည်။
မရမ်းကုန်းမြို့နယ်၌ ​ကျောင်းကြက်​ခြေနီနှင့် ​ရှေးဦးပြုစုခြင်းသိ​ကောင်းစရာ​ ဟောပြောပွဲ ကျင်းပ
Sep 17,2023
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သင်တန်းဌာနမှ ထောက်ပံ့ကူညီမှုဖြင့် ကျောင်းကြက်ခြေနီရှေးဦးပြုစုခြင်းဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်ပြပွဲနှင့် ဈေးရောက်ပွဲတော် အခမ်းအနားနှင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်
Sep 17,2023
စစ်ကိုင်းတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။