သတင်းများ

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေး
Sep 18,2023
ဥပဒေရေးရာဝန်ကြီးဌာန၊ တတိယအကြိမ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့၏ လမ်းညွှန်မှာကြားချက်များကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က ပဲခူတိုင်းဒေသကြီး (အနောက်ခြမ်း) အတွင်း ဥပဒေအရာရှိများအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ဥပဒေရုံး၌ ကျင်းပခဲ့သည်။
ဘောဂလိမြို့တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ
Sep 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉) နာရီအချိန်က ဒေသနေပြည်သူများ လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား/သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်
Sep 18,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဂန့်ဂေါမြို့နယ်ရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်(၂)ဖြင့် ယနေ့နံနက်ပိုင်းအချိန်က ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ အ.ထ.က (မြို့မ) ကျောင်းသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။
ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့်ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကိုကာကွယ်နိုင်ရန် မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Sep 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 18,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန် အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံဧက ခြောက်သောင်းကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ရေး တောင်သူများ ကြိုးပမ်းစိုက်ပျိုး
Sep 18,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ လျာထားဧက ပြည့်မီစေရေးအတွက် ဇူလိုင်လဆန်းကစပြီး ကြိုးပမ်းစိုက်ပျိုးခဲ့ရာ ယနေ့အထိ မိုးစပါးသီးနှံ ခြောက်သောင်းကျော် စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကာ သတ်မှတ်လျာထား ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးရေးအတွက် ဒေသခံ တောင်သူများက ဆက်လက်ကြိုးပမ်း စိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
စလင်းမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)စတင်ထိုးနှံခြင်းဖွင့်ပွဲ ကျင်းပ
Sep 18,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ မြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ခန်းမဆောင်တွင် ယနေ့နံနက်(၈)နာရီအချိန်က စတင်ဖွင့်လှစ်ထိုးနှံခဲ့ကြောင်း သိရသည်။