မြန်အောင် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို နေခြည်စျေး၊ ကုန်မျိုးစုံဆိုင်များ၊ စတိုးဆိုင်နှင့် Mobile Phone အရောင်းဆိုင်များ၌ တပ်မတော်ထုတ် စားသောက်ကုန်များကို ကုန်အမှတ်တံဆိပ် ခွဲခြား၍ရောင်းခြင်း ရှိ/မရှိစစ်ဆေးခြင်းကို စက်တင်ဘာလ (၁၆)ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များက မြန်အောင် နေခြည်စျေးနှင့် ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များ၊ Mobile Phone အရောင်းဆိုင်များ စတိုးဆိုင်စုစုပေါင်း (၁၇)ဆိုင်၌ တပ်မတော်ထုတ်ကုန်ပစ္စည်းများအား ကုန်အမှတ်တံဆိပ် ခွဲခြား၍ ရောင်းခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)