မိုးနဲမြို့  အလက(၁) ကျောင်း၌ ပောာပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မိုးနဲ  စက်တင်ဘာ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  အသိပညာ‌ပေး ဟောပြောပွဲနှင့်နံရံကပ်စာ‌ စောင်ပြပွဲကို အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ စက်တင်ဘာ  ၁၆ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်နန်းမွမ်းဆိုင် က  ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကြရေး၊ လူကုန်ကူးမှုမခံရအောင် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ကျောင်းပြင်ပ ဗဟုသုတတိုးပွားရေး အတွက်  စာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာနိုင်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့်စာအုပ်များကိုအခမဲ့ငှားရမ်း‌ ပေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှု လေ့လာခဲ့‌ကြောင်း သိရသည်။

 မျိုးညွန့်ရွှေ(မိုးနဲ)