ခိုလမ်မြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ခိုလမ် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက်သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် ခိုလမ်တပ်နယ်မှ ယမန်နေ့နံနက်(၆:၃၀)နာရီအချိန်က  မြို့မစျေးအရှေ့တွင်  ရောင်းချပေးခဲ့သည်။

အဆိုပါ စားအုန်းဆီများ ရောင်းချရာတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခိုလမ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ညီညီထွန်းနှင့် တပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားအုန်းဆီများကို ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ်(၄၈၀၀)နှုန်း၊ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

နေလင်းထွန်း(ပြန်/ဆက်)