သတင်းများ

ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံ၌ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Sep 14,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၌ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားနှင့် နည်းပညာတက္ကသိုလ် (ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော“လူငယ်စကားဝိုင်း”သို့ တက်ရောက်
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့သူနာပြုသင်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက သူနာပြု-သားဖွားဒီပလိုမာပထမနှစ် (အငယ်တန်း) သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီး ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သူတန်းသူ (၄၆) ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပုံပြင်ဖန်တီးပြိုင်ပွဲ ကျင်းပ
Sep 14,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲနှင့် ပုံပြင်ဖန်တီးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကန့်ဘလူမြို့၌ စားအုန်းဆီများကို သက်သာသောနှုန်းထားဖြင့် ဆက်လက်ရောင်းချပေး
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ စီစဥ်ဆောင်ရွက်မှုဖြင့် စားသုံးဆီးများအား ပြင်ပပေါက်စျေးထက် လျှော့ချကာ ဆက်လက် ရောင်းချပေးခြင်းကို စက်တင်ဘာ ၁၄ ရက်နံနက် ၇ နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့မှ (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်​ပေး
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့အတွင်းရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာ​ရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ရွှေဘိုမြို့တော်ခန်းမ၌အခြေပြု၍ မြို့​ပေါ်ရပ်ကွက်နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာ​တော်များနှင့်ဒေသခံပြည်သူ စုစုပေါင်း (၇၂၀) ဦးကို ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 14,2023
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ကျင်းပသည်။
မင်းကင်းမြို့၌ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Sep 14,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) တို့ ပူးပေါင်း၍ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မင်းကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားထားသည့် လူငယ်နှင့် အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။
ကျွန်းလှမြို့နယ်၌ လိုင်စင်မဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့များ ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လိုင်စင်မဲ့ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့များ ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။