ကန့်ဘလူမြို့၌ ပြည်သူများအား စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ဆက်လက်ရောင်းချပေး
Sep 14,2023
ပြည်သူများ၏ နေ့စဥ်စားသောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ စီစဥ်ဆောင်ရွက်မှုဖြင့် စားသုံးဆီးများအား ပြင်ပပေါက်စျေးထက် လျှော့ချကာ ရောင်းချပေးခြင်းကို ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ယမန်နေ့ နံနက် ၇ နာရီက ဆက်လက်ရောင်းချပေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။