သတင်းများ

တနိုင်းမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အခမ်းအနား ကျင်းပ
Sep 14,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေး အခမ်းအနားကို စက်တင်ဘာလ ၁၂ ရက် နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်ကျောင်းခန်းမ၌ ကျင်းပသည်။
ရွှေသောင်ယံမြို့၊ အ.ထ.က-ရွှေသောင်ယံ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ရွှေသောင်ယံမြို့၊ အ.ထ.က-ရွှေသောင်ယံတွင် ကျင်းပပြုလုပ်သည်။
ထီးချိုင့်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်ကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအ‌ခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ပါသည်။
လပွတ္တာ​မြို့နယ်တွင်ရိတ်သိမ်းချွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၉၇) စက်မှုလယ်ယာစခန်းတွင် ရိတ်သိမ်းချွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဥ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ နေ့ နံနက် ၉ နာရီချိန်က အဆိုပါစခန်းတွင် ကျင်းပခဲ့သည်။
ဖျာပုံ​​မြို့နယ်တွင်ကြေးတိုင်အင်းများအတွင်း ငါးမြစ်ချင်းငါးသားပေါက် လေးသိန်းခြောက်သောင်းကျော် ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှဦးဆောင်၍ ဖျာပုံမြို့နယ်နှင့်အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနတို့မှ (ဖျာပုံ+အမာ) မြို့နယ်အတွင်း ငါးသယံဇာတများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ အင်းများအတွင်း ငါးထုတ်လုပ်မှု တိုးတက်စေရေး ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုတိုးတက်စေရေးတို့ကိုရည်ရွယ်၍ ကြေးတိုင်အင်း (၂) အင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို စက်တင်ဘာလ (၁၃) ရက်နေ့ နံနက်(၈) နာရီအချိန်က ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး ဆိပ်ကမ်းမှဖျာပုံမြစ်အတွင်း ငါးမျိုးစိုက်ထည့် ပွဲကျင်းပပြုလုပ်သည်။
ကြံခင်းမြို့တွင်အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း (မြို့နယ်အဆင့်) လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း (မြို့နယ်အဆင့်)လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ  ၁၃ နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သင်တန်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဝိုင်းမော်မြို့နယ်၌ (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Sep 14,2023
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံ ဝန်းအတွင်းရှိ သင်တန်းခန်းမဆောင်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို စက်တင်ဘာ ၁၂ နေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။