ဖျာပုံမြို့နယ်တွင်ကြေးတိုင်အင်းများအတွင်း ငါးမြစ်ချင်းငါးသားပေါက် လေးသိန်းခြောက်သောင်းကျော် ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှဦးဆောင်၍ ဖျာပုံမြို့နယ်နှင့်အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနတို့မှ (ဖျာပုံ+အမာ) မြို့နယ်အတွင်း ငါးသယံဇာတများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ အင်းများအတွင်း ငါးထုတ်လုပ်မှု တိုးတက်စေရေး ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုတိုးတက်စေရေးတို့ကိုရည်ရွယ်၍ ကြေးတိုင်အင်း (၂) အင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို စက်တင်ဘာလ (၁၃) ရက်နေ့ နံနက်(၈) နာရီအချိန်က ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး ဆိပ်ကမ်းမှဖျာပုံမြစ်အတွင်း ငါးမျိုးစိုက်ထည့် ပွဲကျင်းပပြုလုပ်သည်။