ကျွန်းလှမြို့နယ်၌ လိုင်စင်မဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့များ ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး

ကျွန်းလှ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လိုင်စင်မဲ့ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့များ ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး၊ မျိုးစေ့အရောင်းဆိုင်များအား လိုက်နာရမည့်ဥပဒေ၊ နည်းဥပဒေ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး အသိအညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ