မင်းကင်းမြို့၌ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မင်းကင်း စက်တင်ဘာ ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) တို့ ပူးပေါင်း၍ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မင်းကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားထားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ကျင်ငိုက်မန်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းမှ စာရေးဆရာ ကျော်သိန်းဆွေက "မှားမှာကို မကြောက်ပါနဲ့"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ မင်းတင်သိန်း (ပွင့်လျက်) က " ဉာဏ်ရည်ဉာဏ်သွေး အတွေးအခေါ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမောင်မောင်မြင့်သဏ်းက"ရှက်စိတ်၊ ကြောက်စိတ်၊ အောင်စိတ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးဦးသန်းငွေက " မုန်လာဥဝါ၊ ကြက်ဥနဲ့ကော်ဖီနဲ့ဘဝအမြင်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမကြီးဒေါ်အေးမိုးမြင့်က" ပညာရေးအစ စာအုပ်ဖြင့်အစပြုပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဇေယျထင် (မင်းကင်း) က "အောင်မြင်ခြင်းအတွက် တည်ဆောက်ယူခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေး‌ေနွးပြောကြားခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား‌ကျောင်းသူလူငယ်များကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး Book Club ဥက္ကဋ္ဌ စာရေးဆရာမောင်မောင်မြင့်သဏ်းက ဆွေးနွေးချက်များအပေါ် ပြန်လည်ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)