သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်၌ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်၌ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အဆိုပါတက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 14,2023
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile   Library   Bus ဖြင့် ကျေးရွာများ /ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သောဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library  Bus) ဖြင့် ယနေ့နံနက်က ဘုရားငုတ္တိုရှမ်း စုကျေးရွာ၊ ကွယ်လွယ်ကျေးရွာနှင့် အ.လ.က(၄)ကျောင်းသို့ သုတ/ရသ စာအုပ် စာစောင် မျိုးစုံယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။  
မိုးညှင်းမြို့၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Sep 14,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း (ဘီလူး)၌ ကျင်းပသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေး ဆွေးနွေးပွဲပြုလုပ်
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက် (၁၀)နာရီက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အရင်းအနှီးနည်းသော တစ်ရှူးငှက်ပျောစိုက်ပျိုးရောင်းချသူများဝင်ငွေပိုမိုရရှိ
Sep 14,2023
အရင်းအနှီးကုန်ကျစရိတ် အလွန်နည်းပါးပြီး ဝင်ငွေပိုမိုရရှိသည့်အတွက်ဒေသခံစိုက်ပျိုးရေး လုပ်ကိုင်သူများသည် ယခုအခါတစ်ရှူးငှက်ပျောပင် စိုက်ပျိုးသူများပြားလာကြောင်း  စစ်ကိုင်း ခရိုင်၊ မြင်းမူမြို့ပေါ်ရှိတစ်ပိုင် တစ်နိုင်ငှက်ပျောစိုက်ပျိုးသူများထံမှသိရှိရသည်။
ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ် ၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
ကျွန်းလှမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ဗလငါးတန် ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (သစ်ရာမြိုင်) ၌ ကျင်းပအကြောင်း သိရသည်။