သတင်းများ

ကန့်ဘလူမြို့၌ ပြည်သူများအား စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ဆက်လက်ရောင်းချပေး
Sep 14,2023
ပြည်သူများ၏ နေ့စဥ်စားသောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ စီစဥ်ဆောင်ရွက်မှုဖြင့် စားသုံးဆီးများအား ပြင်ပပေါက်စျေးထက် လျှော့ချကာ ရောင်းချပေးခြင်းကို ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ယမန်နေ့ နံနက် ၇ နာရီက ဆက်လက်ရောင်းချပေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့ အ.ထ.က(၄)ကျောင်း၌ လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာစကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၂:၀၀)အချိန်က မြောင်းမြမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ
Sep 14,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် မားမားမတ်မတ်ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း (အ.ထ.က-၂၊ ကျိုက်စကော) ၌ လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တာလေ)၌ ကျင်းပခဲ့ကြောင်းသိရသည်။
ချောင်းဦးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲပြုလုပ်
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် (၉)နာရီအချိန်က အေးရိပ်မွန်(၂) အမျိုးသမီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာ ဆွေးနွေးပွဲနှင့် ကျေးရွာ(၄)ရွာမှ တောင်သူ (၅၇)ဦးထံသို့ ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာဆွေးနွေးပွဲနှင့် ကျေးရွာ(၄)ရွာမှ တောင်သူ(၅၇)ထံသို့ ယူရီးယား ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ချောင်းဦးမြို့နယ်၌ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၁၀ နာရီအချိန်က ချောင်းဦးမြို့ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွင် ပြုလုပ်သည့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်" ​အောင်မြင်မှုအတွေးစကား” စာအုပ် စာဖတ်ဝိုင်းပြုလုပ်
Sep 14,2023
ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် Book Club အဖွဲ့နှင့် Women Clubအဖွဲ့တို့ ပူးပေါင်း၍ စာပေချစ်သူများ၊ စာဖတ်ပရိသတ်များ၊ ကျောင်းသားလူငယ်များ၊ စာပေကို ပိုမိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေမှအသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ စာရေးဆရာအကြီးကိုကို (ကသာ) ရေးသားသည့် "အောင်မြင်မှုအတွေးစကား” စာအုပ်အား လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊