မုံရွာ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်၌ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အဆိုပါတက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်တာဝန်ရှိသူများက စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်း ကာကွယ်ပေး” “Montreal Protocol: Fixing the Ozone Layer and Reducing Climate Change” ဆောင်ပုဒ်နှင့်အညီ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် မုံရွာတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)