မုံရွာ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ မုံရွာမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် မုံရွာမြို့၌ ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် စက်တင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက မုံရွာမြို့ ကွေ့ကြီးနှင့်မြို့သစ် ရပ်ကွက်များတွင် စစ်ကိုင်းတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စားသုံးဆီလက်လီအရောင်းဈေးကားဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့စားသုံးဆီများရောင်းချပေးရာတွင် ပြည်သူများသက်သာသောနှုန်းဖြင့် ဝယ်ယူနိုင်စေရန် လူတစ်ဦးလျှင် စားသုံးဆီတစ်ပိဿာကို ၅၀၀၀ ကျပ်ဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ကြီးကြပ်မှုဖြင့် ပြည်သူများလက်ဝယ်အရောက် စက်တင်ဘာလ၁၁ရက်နေမှ ၁၇ ရက်နေ့အထိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မုံရွာမြို့တွင် စားသုံးဆီ ၁ ပိဿာလျှင် ပြင်ပပေါက်စျေးမှာ ကျပ် ၁၁၀၀၀/၁၂၀၀၀ ဖြစ်ပြီး ယခုရောင်းချပေးရာတွင် ၁ ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြစ်၍ ပြင်ပထက် ထက်ဝက်သက်သာသည့်အတွက် လာရောက်ဝယ်ယူခြင်းဖြစ်ကြောင်း၊ မြို့သစ်ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။ ယင်းနေ့က လူတစ်ဦးလျှင် စားသုံးဆီ တစ်ပိဿနှုန်းဖြင့် ရောင်းချပေးခဲ့ရာ စုစုပေါင်းစားသုံဆီပိဿာ ၁၁၀၀၀ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)