ကျောင်းကုန်း စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဒေါ်သန်းတင်ခန်းမ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေး(HPV) ထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ယခုလိုသား အိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံဖို့အခွင့်အရေးကြုံလာချိန်၌ ကလေးငယ်များအားလုံး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောကြားခဲ့ပြီး၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာဦးစီးမှူး ဒေါက်တာအေးနိုင်က သားအိမ်ခေါင်းကင်ဆာရောဂါ လက္ခဏာများ၊ ကင်ဆာရောဂါ အဆင့်ဆင့်ဖြစ်ပွားပုံများ၊ ကာကွယ်ကုသနည်းများ၊ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း (HPV)လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေဝင်းနောင်၊ အဖွဲ့ဝင်(၃)ဦးမင်းသူအောင်၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာဦးစီးမှူး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဝင်များတက်ရောက်ခဲ့ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ကျောင်းအခြေပြုကာကွယ် ဆေးထိုးနှံခြင်းအား စက်တင်ဘာလ(၁၈)ရက်နေ့မှ စက်တင်ဘာလ(၂၉)ရက်နေ့ထိနှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ(၁၆)ရက်နေ့မှ အောက်တို ဘာလ(၂၇)ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)