ဝိုင်းမော် စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌၊ စစ်ဘေးရှောင် အိမ်ထောင်စု (၃၄) စုအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေ (၄) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊
အခမ်းအနားတွင် မြို့နယ်အုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မင်းဦးက အဖွင့်အမှာ စကားပြောကြားပြီး မိုင်းနားကျေးရွာ RC Camp မှ ဆွတ်ကြိုင်ကျေးရွာအုပ်စုသို့ ပြောင်းရွှေ့ပြီး ဖြစ်သည့် အိမ်ထောင်စု (၃၄) စုအား အိမ်ထောင်စု (၁) စုလျှင် ၂၄ ပြည်ပါ ဆန်(၁) အိတ်၊ ပဲဆီ (၁) ပိဿာ၊ ကြက်ဥ (၁) ကဒ်၊ စုစုပေါင်းအိမ်ထောင်စု (၃၄) စုအတွက် ငွေကျပ် (၄၀၃၄၀၀၀) ကျပ်အား ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့် အဖွဲ့ဝင်များက ပေးအပ် ခဲ့ကြောင်း သိရသည်။
ထို့နောက် RC Camp စစ်ဘေးရှောင်ပြည်သူများကိုယ်စား စစ်ဘေးရှောင်ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် RC Camp၊ စစ်ဘေးရှောင်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်၊၊
ဖြူစင်