အင်္ဂပူမြို့တွင်အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်‌ အောက် မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းလုပ်ငန်း (မြို့နယ်အဆင့်)လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

အင်္ဂပူ၊ စက်တင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ် အောက်မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသ‌ရေး ဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး အောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံဖို့ အခွင့်အရေးကြုံလာချိန်တွင် ကလေးငယ်များအားလုံးရာနှုန်း ပြည့်ထိုးနှံပေးနိုင်ရေးပူးပေါင်း ဆောင်ရွက်ကြဖို့ ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး‌နှင့် ကုသရေးဦးစီးမှူးဒေါက်တာ အေးပပစိုးရီက သားအိမ်ခေါင်းကင်ဆာရောဂါ လက္ခဏာများ၊ ကင်ဆာရောဂါအဆင့်ဆင့်ဖြစ်ပွားပုံများ၊ ကာကွယ်ကုသ နည်းများ၊ (HPV)ပိုးနှင့်ကင်ဆာရောဂါဆက်စပ်ပုံ များရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေးအဆင့်(၁) ဦးအောင်နိုင်ဦးက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း (HPV) လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ သိလိုသော အချက်အားမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးဒေါက်တာ အေးပပစိုးရီနှင့်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား ကျောင်းအခြေပြုကို စက်တင်ဘာ(၁၈)ရက်နေ့မှ စက်တင်ဘာ(၂၉)ရက်နေ့ထိနှင့် ပြည်သူလူထု အခြေပြုကို အောက်တိုဘာလ(၁၆)ရက်နေ့မှ အောက်တိုဘာလ(၂၇)ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)