စစ်ကိုင်းမြို့တွင် အထည်ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်း စက်တင်ဘာ ၁၄

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အထည်ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စစ်ကိုင်းမြို့ ဟိုတယ်စစ်ကိုင်းအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀း၀၀အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးဦး စီးမှူးနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဌေးအောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်တန်းတက်ရောက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆောင်းဒါးယက်ကန်းကျောင်းမှ အငြိမ်းစား ဆရာမ ဒေါ်သန်းသန်းဌေးမှ သင်တန်းပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်ပြီးလည်းကောင်း၊ ခရီးသွားတက်သိပညာရှင် ဦးကြည်မြင့်က ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများအကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါသင်တန်းကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံးတွင် သင်တန်းသား /သူ ၂၀ ဦးဖြင့် (၁၀) ရက်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)