သာပေါင်း စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသည်းထန်မြစ်ရေကြီး နစ်မြုပ်မှုကြောင့် စက်တင်ဘာလ ၁၂၊၁၃ ရက်နေ့များက နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ရသည်။
ထိုသို့ မိုးသည်းထန်မြစ်ရေကြီး နစ်မြုပ်မှုကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့၊ ညနေ ၆ နာရီအချိန်က စစ်ပင်ကြီး ကျေးရွာအုပ်စု၊ စစ်ပင်ကြီး ကျေးရွာနေထိုင်သူဦးအေးကိုနှင့် အတူနေအမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး ပေါင်း(၄)ဦးတို့၏ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း(၁၅’×၁၂’×၁၂’) နေအိမ်ပြိုကျပျက်စီးခဲ့ရပြီး၊ စက်တင်ဘာလ(၁၃)ရက်နေ့၊ ညနေ ၆ နာရီခွဲအချိန်က သရက်တော ကျေးရွာအုပ်စု၊ ရေလဲကြီး ကျေးရွာနေထိုင်သူ ဦးနိုင်ထူး(ခ)မျိုးမြင့်နှင့် အတူနေ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၄)ဦး ပေါင်း(၇)ဦးတို့၏ ဓနိမိုး၊ ဓနိကာ၊ ပျဥ်ခင်း(၁၅’×၁၂’×၁၈’) နေအိမ်တို့ ပြိုကျပျက်စီးဆုံးရှုံးခဲ့ရပြီး ပျက်ဆီးဆုံးရှုံးမှုနှင့် ပတ်သက်၍ လူနှင့်တိရစ္ဆာန်များထိခိုက် ဒဏ်ရာရှိခဲ့မှု၊ အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်းနှင့် ၎င်းတို့အား နီးစပ်ရာမိဘဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့နေထိုင်ရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ပူးပေါင်းကူညီ စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)