ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် (၂၆၇၄၅) သိန်း ထုတ်ချေးပြီးစီး
Jul 29,2025
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ တောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မေလ ၂၀ ရက်နေ့ကစပြီး မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးဆောင်ရွက်ပေးခဲ့ရာ ဇူလိုင် ၂၉ ရက်နေ့အထိ တောင်သူ ၃၆၂၄ ဦးအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် ၂၆၇၄၅ သိန်း ထုတ်ချေးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။