ပင်လုံတက္ကသိုလ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်

ပင်လုံ ဇူလိုင် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ် ဘက်စုံခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး VIDO Clip နှင့်ပတ်သက်၍ မိတ်ဆက်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ဦးစွာ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီလာမြင့်က အဖွင့်အမှာစကားပြောကြားပါသည်။ ယင်းနောက် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး VIDEO Clip  ကိုမိတ်ဆက်ပြသပေးပြီးနောက် VIDEO Clip နှင့်ပတ်သက်၍  ပင်လုံတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခဌာနမှူး ဆရာမကြီး ဒေါက်တာ ခင်မျိုးသန့်က ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/သူများ၏ မှတ်ဉာဏ်စွမ်းရည်အတွက် မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းများပြုလုပ်ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

အဆိုပါ အသိပညာပေး VIDEO Clip  မိတ်ဆက်ခြင်း၊ အသိပညာပေးခြင်းအခမ်းအနားသို့ ပင်လုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ရုံးဝန်ထမ်းများ၊ ကျောင်းသား/ သူများ တက်ရောက်ကြသည်။

လွိုင်လင်မိုး