မိုင်းခတ် ဇူလိုင် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းမိုင်တိုင်အမှတ် 74KM နှင့် 75KM အကြားတွင် နမ့်လွေချောင်းရေကျော်မှုဖြစ်ပွားခဲ့ရာ ယာဉ်များဖြတ်သန်းသွားလာခွင့် ခေတ္တရပ်နားထားခဲ့ရကြောင်း သိရသည်။
ထိုသို့ လမ်းမပေါ်သို့ နမ့်လွေချောင်းရေကျော်မှုကြောင့် သွားလာရန်ခက်ခဲသည့် အရေးပေါ်လူနာများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ခရီးသွားပြည်သူများအား လမ်းတစ်ဖက်ကမ်းသို့ အဆင်ပြေချောမွေ့စွာရောက်ရှိရေးအတွက် စက်တပ်လှေငယ်များဖြင့် ကူညီကယ်ဆယ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါလမ်းရေကျော်မှုတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်အေးထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်တို့၏စီမံမှုဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များက စက်တပ်လှေငယ်များဖြင့် ခရီးသွားပြည်သူများ၊ မော်တော်ဆိုင်ကယ်များအား သယ်ယူပို့ဆောင်ပေးခြင်း၊ ထမင်းဘူးနှင့် ရေဘူးများဝေငှခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)