သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်
Jul 29,2025
၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ဆီဆိုင်မြို့နယ် ညောင်းကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်
Jul 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ညောင်းကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမာမြို့၊ အ.ထ.ကကျောင်း၌ Online/ Telegram လိမ်လည်မှုများမှ ကင်းဝေးစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ Online/Telegram လိမ်လည်မှုများမှ ကင်းဝေးစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံအေရိုးဗစ်လူရွေးပြိုင်ပွဲ အခမ်းအနားကျင်းပ
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် အားကစားခန်းမ၌ (၂၀၂၅) ခုနှစ်၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံ အေရိုးဗစ်လူရွေးပြိုင်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၅၉၁၄ ဧက စိုက်ပျိုးရန်လျာထားပြီး ဇွန်လမှ စတင် စိုက်ပျိုးခဲ့ရာ ယမန်နေ့တွင် ပဲစင်းငုံ ၆၀၆၉ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
Polytechnic University (Maubin), Faculty of Computing ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ Polytechnic University (Maubin), Faculty of Computing ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက မအူပင်မြို့ရှိ ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။
ချောက်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်အသိပညာပေးခြင်းများ ဆောင်ရွက်
Jul 29,2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ချောက်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်အင်ဂျင်နီယာဦးဆောင်သောဝန်ထမ်းများက ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ
Jul 29,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇူလိုင် ၂၇ ရက်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။