သတင်းများ

တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်(၆)နာရီအချိန်မှစတင်ကာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက်တည်းထုတ်ပြန်ကြေညာခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကလေးမြို့တွင် တောင်သူများအား လယ်ယာသုံးစက်ကိရိယာများနှင့် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 29,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တောင်သူများအား လယ်ယာသုံးစက်ကိရိယာ (ဒေါင်းဖန်းလယ်ထွန်စက် ၂ စီး၊ မျိုးစေ့ချကိရိယာ Drum seeder ၂၃၉ လက်) များနှင့် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏၂၀၂၅ ခုနှစ်၊မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်သူ့အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀‌‌၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄-‌၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို အမှတ်(၂) ရပ်ကွက် အခြေခံပညာစာစစ်ဌာနအမှတ်(၁)ကျောင်းနှင့်အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းအမှတ်(၄)တို့တွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် (၆)နာရီ၌ ထုတ်ပြန်ကြေညာသည်။
မင်းဘူး(စကု)မြို့နယ်၌ မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ များမကြာမီအချိန်ကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကရည်မှန်းချက်ဖြစ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ခေတ်စနစ်နှင့်အညီ အသုံးပြုဆောင်ရွက်မည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
သရက်မြို့၌ လျှပ်စစ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ သရက်ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၇)နာရီက မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနား တက်ရောက်
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)သင်တန်းကျောင်းတွင် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါ သင်တန်းကျောင်းဝန်းအတွင်း၌ကျင်းပရာ မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များမှတာဝန်ရှိသူများ၊ ပူးပေါင်းပါဝင်လေ့ကျင့်သည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မိုးကောင်းမြို့၌ လူနေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွါး
Jul 29,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ယမန်နေ့နံနက်ပိုင်းက လူနေအိမ်(၂)လုံး မီးလောင်ခဲ့ကြောင်း သိရသည်။