သတင်းများ

ကျောက်တန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်
Jul 29,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ဇူလိုင် ၂၇ ရက်နေ့ နံနက် (၆) နာရီမှစ၍ တပြိုင်တည်းထုတ်ပြန်ကြေငြာခဲ့ရာ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၏ စာစစ်ဌာနများဖြစ်သော အ.ထ.က(၁)နှင့် အ.ထ.က(တံတား)စာစစ်ဌာနများ၌ အောင်စာရင်းများ ထုတ်ပြန်ကြေငြာထားသည်ကို တွေ့ရသည်။
ဥတ္တရသီရိမြို့နယ်၌  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မြန်မာအီလက်ထရောနစ် (MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာသင်တန်း အမှတ်စဉ်(၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းပညာရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုး၊ ဦးမင်းဦး၊ ဦးဟန်သူနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၂/၂၀၂၅ ) သို့ တက်ရောက်
Jul 29,2025
အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကို ဇူလိုင်လ ယမန်နေ့မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဟားခါးခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုင်ပိုင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများ တက်ရောက်ကြသည်။
ပင်လောင်းမြို့နယ်အတွင်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့်နေရာများသို့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Jul 29,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့်နေရာများသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)နှင့် DRRD QC အဖွဲ့တို့က ယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးနှင့် ဆီထွက်သီနှံများအတွက် သွင်းအားစုများပေးအပ်
Jul 29,2025
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ ဒုဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ လယ်ဝေးမြို့နယ်၊ အေလာ၊ KC တွင် ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးနှင့်ဆီထွက်သီးနှံများအတွက် သွင်းအားစုများပေးအပ်ပွဲသို့ တက်ရောက်သည်။
ကျိုက်လတ်မြို့နယ်၌ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက်‌ကျော်လွန်မြင့်တက်လာမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခု ဖွင့်လှစ်ထားရှိ
Jul 29,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၂၇ ရက်က မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်/ကျေးရွာမြေနိမ့်ပိုင်းနေရာရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအား ဇူလိုင် ၂၈ ရက်တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နေလယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။