မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်တွင်ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း‌ဆောင်ရွက်

မင်္ဂလာ‌တောင်ညွန့် ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊  မင်္ဂလာတောင်ညွန့်မြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းစိစစ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇူလိုင်လ ၂၇ ရက်နေ့နံနက်(၉:၃၀)နာရီအချိန်က ပုသိမ်ညွန့်ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ပါသည်။

ထို့‌နောက် မြို့နယ်လဝကမှူး‌ဒေါ်သွယ်သွယ်ငြိမ်းဦးဆောင်၍ဝန်ထမ်းများသည် ပုသိမ်ညွန့်ရပ်ကွက်ဓမ္မာရုံတွင် ရပ်ကွက်အတွင်းရှိပြည်သူများအား အိမ်ထောင်စုစာရင်းစိစစ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်စံတို့ကကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

ထိုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက်၁၆-၁၈နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများနှင့် အသက်၁၈နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

မြတ်မြတ်အေး(ပြန်/ဆက်)