ပခုက္ကူ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနအသီးသီး၌ ၂၀၂၅ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား ကျောင်းသူ ၈၁၇ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၄၄၃ဦး အောင်မြင်ပြီး ၃၄ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ဝါဇီ)စာစစ်ဌာနတို့၌ ကျောင်းသား ၃၄၆ဦး၊ ကျောင်းသူ ၄၇၁ဦး၊ စုစုပေါင်း ၈၁၇ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား ၁၆၅ဦး၊ ကျောင်းသူ ၂၇၈ဦး၊ စုစုပေါင်း ၄၄၃ဦး ဖြေဆိုအောင်မြင်ပြီး ငါးဘာသာဂုဏ်ထူးရှင် ၂ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၂ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၈ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၁ဦး၊ စုစုပေါင်းဂုဏ်ထူးရှင် ၃၄ဦးရှိကြောင်း၊ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၅၄ဒသမ၂၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)