မိုင်းစံမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

မိုင်းစံ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက်သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်မိုင်းစံမြို့ ခလရ(၁၅၀) ခြေလျင်တပ်ရင်းမှ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ရဲစခန်းအရှေ့တွင် ရောင်းချပေးခဲ့သည်။

အဆိုပါ စားအုန်းဆီများရောင်းချရာတွင် မိုင်းစံမြို့ ခလရ(၁၅၀)မှ တပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားအုန်းဆီများကို ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်(၄၈၀၀)နှုန်း၊ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

မိုင်းစံ(ပြန်/ဆက်)