လွိုင်ကော် စက်တင်ဘာ ၁၈
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကယားပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်က ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၏ မှာကြားချက်များကို လုပ်ငန်းလမ်းညွှန်အဖြစ် မှတ်သားလိုက်နာဆောင်ရွက်ရန်၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနှင့် နည်းဥပဒေများ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်၊ အမှာစာ၊ ဖြန့်ဝေစာများနှင့်အညီ တာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဥပဒေအရာရှိ ဦးသိန်းထွန်းက ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၏ဆွေးနွေးချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး၊ မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ဥပဒေအရာရှိကျင့်ဝတ်နှင့်အညီ လုပ်ငန်းတာဝန်များထမ်းဆောင်ရန် ပြောကြားသည်။
ဆက်လက်ပြီး ခရိုင်ဥပဒေအရာရှိများနှင့် မြို့နယ်ဥပဒေအရာရှိများက လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိက ပြည်နယ်ဥပဒေအရာရှိ ကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့၏ ဆွေးနွေးဆုံးဖြတ်ချက်များ၊ တိုးတက်ချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြပြီး၊ ပြည်နယ်ဥပဒေချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရသည်။
အောင်ထွန်းလေး