အ-ထ-က(လဲချား)တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

လဲချား စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အ-ထ-က(လဲချား)ကျောင်းတွင် ဟောပြောပွဲ ကျင်းပခဲ့ပါသည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့အကြိုဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစန္ဒာလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆရာဦးဌေးဝင်း(အလယ်တန်းပြ)မှ ဆရာ၏ အဓိပ္ပါယ်၊ ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ကမ္ဘာ့ဆရာများနေ့ကို ဘယ်နှစ်ခုနှစ်မှာ စတင်သတ်မှတ်ခဲ့သလဲ၊ မြန်မာနိုင်ငံမှာ ဘယ်အချိန်မှစတင်သတ်မှတ်ခဲ့သလဲ စသည့်အကြောင်းအရာများနှင့် အထက်တန်းပြဆရာမ ဒေါ်နန်းရွှေရည်ဝင်းမှ ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်နှင့် ဆရာ/ဆရာမများမှ ကျောင်းသား/သူများအပေါ် စေတနာ၊ မေတ္တာထားရှိပုံများကို ဗဟုသုတရရှိစေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းဟောပြောပွဲအခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူစုစုပေါင်း (၂၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လဲချား(မြို့နယ်၊ ပြန်/ဆက်)