မြောင်းမြ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ စကြာသီဟ စကြာနန္ဒဘုရား ထွန်းညွန့်ရတနာ ဓမ္မာရုံတွင် (၂၄) ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် တံခွန်စိုက်ပထမဆုရရှိသည့် မြောင်းမြခရိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၁၆) ရက်နေ့ညနေ ၆:၃၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
(၂၄) ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို ပုသိမ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းအတွင်းရှိ ခရိုင်မြို့နယ်များ ပါဝင်ယှဥ်ပြိုင်ကြရာ မြောင်းမြခရိုင်မှ ရွှေတံဆိပ်ဆုရှင် (၁၇)ဦး၊ ငွေတံဆိပ်ဆုရှင် (၁၄) ဦး၊ ကြေးတံဆိပ်ဆုရှင် (၁၁) ဦး၊ နှစ်သိမ့်ဆု (၂၀)ဦး ဆုရရှိခဲ့ပြီး တိုင်းဒေသကြီးအဆင့် တံခွန်စိုက်ပထမဆု ရရှိခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအဆင့် တံခွန်စိုက် ပထမဆုရရှိခဲ့သည့် မြောင်းမြခရိုင် ဆိုကရေးတီးပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲကို ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်များ၊ ပြည်သူများ တက်ရောက်ဂုဏ်ပြုချီးမြှင့်ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (မြောင်းမြ)